Android ဖုန်းမှာ ဇော်ဂျီဖေါင့်ကို adb command သုံးပြီး ကိုယ်တိုင်သွင်းနည်း
ဖုန်းတစ်လုံးကို root ဖေါက်ပြီး မြန်မာစာသွင်းရတာ အလွန်ရိုးရှင်းလွယ်ကူလှပါတယ်။ မြန်မာဖေါင့်သွင်းဖို့ PC Tool တွေ APK တွေ root explorer သုံးပြီးသွင်းနည်းတွေ မြောက်များစွာ ရှိပါတယ်။ မိမိဖုန်းနဲ့သင့်တော်ရာ Application တစ်ခုခုကနေ အလွယ်တကူပဲ သွင်းလို့ရပါမယ်။
ယခုဖေါ်ပြပေးမှာက ဘာ application ကိုမှ မသုံးပဲ မိမိကိုယ်တိုင် adb command ကနေ zawgyi font install လုပ်မယ့်နည်းလမ်းဖြစ်ပါတယ်။ ကိုယ်ပိုင် Tool အသေးစားလေးတွေ စတင်ရေးချင်တဲ့ မိတ်ဆွေတွေအတွက်လည်း အသုံးတည့်ပါလိမ့်မယ်။ ဒီနည်းလမ်းကို အသုံးချပြီး မြန်မာစာထည့်မယ် ဆိုရင် Android ဖုန်း 80% လောက်ကို မြန်မာစာမြင်ရအောင် လုပ်လို့ရပါတယ်။
အခြေခံအကျဆုံးနည်းလမ်းဖြစ်တာကြောင့် အခြားပြီးပြည့်စုံတဲ့ Font Changer တွေလိုတော့ ပြည့်စုံမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိစ္စမရှိပါဘူး နောက်နောင် ကျနော်တို့ ထပ်တင်ပေးမယ့် Lesson တွေကိုအစဉ်တစိုက်လေ့လာသွားရင် အတော်အသုံးဝင်တဲ့ ကိုယ်ပိုင် Android Service Tool တစ်ခု တည်ဆောက်နိုင်မှာ သေချာပါတယ်။
ယခု Project အတွက် ဇော်ဂျီဖေါင့်ကို ကိုကျော်စွာသွင်ရဲ့ SmartZawgyiPro.ttf ဆိုတဲ့ဖေါင့်ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ အရင်ဆုံး လိုအပ်မယ့်အရာတွေပြောပေးပါမယ်
၁. ဇော်ဂျီဖေါင့် (SmartZawgyiPro.ttf)
၂. adb ဖိုင်( adb.exe , AdbWinApi.dll, AdbWinUsbApi.dll ) နဲ့
၃. adb command နဲ့ adb shell command အနည်းငယ်လောက် ရိုက်တတ်ရင် သွင်းလို့ရပါပြီ
>>>>>ဇော်ဂျီဖေါင့် (SmartZawgyiPro.ttf)<<<<<<
ကျနော်တို့အသုံးပြုမည့် SmartzawgyiPro.ttf ကို မိမိမှာရှိပြီးသွားဖြစ်ခဲ့ရင်လည်း မိမိအသုံးပြုမယ့် Folder အလွတ်ထဲမှာ ထည့်ထားပါ။မရှိသေးရင် အောက်ပါ Link မှာ ရယူပါ။
SmartZawgyiPro.ttf
========================
http://www.mediafire.com/…/2hoaiwj34z83k…/SmartZawgyiPro.ttf
========================
• Download လုပ်လို့ရလာတဲ့ SmartZawgyiPro.ttf ကို Roboto-Regular.ttf လို့ နာမည်ပြောင်းလိုက်ပါ ။
(***စာလုံးပေါင်းမှားမှာစိုးရင် Copy-Paste လုပ်ပြီးသေချာကူးပါ မှားလို့မရပါဘူး။ )
>>>>adb ဖိုင်<<<<
adb command ကနေတစ်ဆင့် သွင်းမှာဖြစ်တဲ့အတွက် ADB ဖိုင်တွေလိုအပ်ပါမယ်။ ယခင် Tutorial အဟောင်းမှာ adb ဖိုင်ဒေါင်းလုဒ် လုပ်ပြီးသားဖြစ်ပါက ၄င်း adb ဖိုင်ကိုအသုံးပြုနိုင်ပြီး Download လုပ်ပြီးသားမရှိပါက အောက်ပါ Link မှ ရယူနိုင်ပါတယ်။
>>>>>> adb <<<<<<
=====================
http://www.mediafire.com/download/cr2f5xn2wlgd8gr/adb.zip
=====================
>>>>> ADB Command <<<<<
အခုဆိုရင် မိမိသွင်းမယ့်ဖေါင့်ရယ် ၊ အသုံးပြုရမယ့် adb ဖိုင်ရယ် ဖိုဒါအလွတ်ထဲမှာ စုထည့်ထားပြီးပါပီ။ စတင်လို့ရပါပြီ၊
• အဲ့ဒီ ဖိုဒါရဲ့နေရာအလွတ်တစ်နေရာကို Mouse တစ်ချက်ထောက်ပြီး ကွန်ပြူတာ ကီးဘုတ်ပေါ်က Shift ခလုပ်ကို ဖိပါ၊ Shift Key ကို ဖိထားလျက် အနေအထားအတိုင်း Mouse > Right Click ကို တစ်ချက်ထောက်ပေးပါ။
• ပေါ်လာတဲ့ MENU ထဲက Open command window here ဆိုတဲ့နေရာ ကိုရွေးပါ။ cmd box လို့ခေါ်တဲ့ comprompt box လေး ပေါ်လာပါမယ်။
!!! တကယ်လို့ cmd box မခေါ်တတ်ဘူးဆိုရင် adb_cmd.exe ဆိုတဲ့ဖိုင်လေးကို အောက်ပါ Link ကနေ Download ဆွဲပြီး ယခုလက်ရှိ အလုပ်လုပ်နေတဲ့ ဖိုဒါထဲမှာ အတူတူထားပေးပါ။
=====================
http://www.mediafire.com/downlo…/wh0sghwai44yw4b/adb_cmd.rar
=====================
ပြီးရင် အဲ့ဒီ adb_cmd.exe ဖိုင်လေးကို ကလစ် ၂ချက်ခေါက် ဖွင့်လိုက်တာနဲ့ cmd box လေး ပွင့်လာပါမယ်။
• ဖုန်းမှာ root ဖေါက်ထားပြီးသားဖြစ်နေပါစေ၊ • ဖုန်းကို U.S.B debugging ဖွင့်ထားပြီးသားဖြစ်နေပါစေ။
•ဖုန်းနဲ့ ကွန်ပြူတာနဲ့ USB ကြိုးသုံးပြီးဆက်လိုက်ပါ။ ( Driver သွင်းထားပြီး ဖြစ်နေပါစေ။ )
• အဲ့ဒီပေါ်လာတဲ့ cmd box ထဲမှာ adb command တွေ ရိုက်ထည့်ပါမယ်။
____________________________________
• အရင်ဆုံး adb devices လို့ရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။
• ဖုန်းနဲ့ ကွန်ပြူတာနဲ့ ချိတ်ဆက်မိသွားပြီဆိုတာနဲ့ cmd box ထဲမှာ Phone Serial Number ကို reply ပြန်ပါလိမ့်မယ်။ ဒါဆို စလို့ရပါပြီ။
• အောက်ပါ command တွေ တစ်ကြောင်းခြင်းရိုက်ထည့်ပြီး Enter ခေါက်သွားပါ။
• အားလုံးပြီးသွားလို့ရှိရင် စက်ပြန်တက်လာတာနဲ့ မိမိဖုန်းမှာ မြန်မာဖေါင့်မြင်ရပါလိမ့်မယ်။
>>>>>>>command<<<<<<<
=========================
adb push Roboto-Regular.ttf /data/local/tmp/Roboto-Regular.ttf
adb shell
su
mount -o remount rw /system
dd if=/data/local/tmp/Roboto-Regular.ttf of=/system/fonts/Roboto-Regular.ttf
chmod 644 /system/fonts/Roboto-Regular.ttf
reboot
============================
အပေါ်က command တွေတစ်ကြောင်းချင်း ရိုက်ထည့်ပြီး enter ခေါက်ပေးပါ။ ပြီးတာနဲ့ ဖုန်း restart ကျသွားမှာဖြစ်ပြီး စက်ပြန်တက်လာတာနဲ့ မြန်မာ ကီးဘုတ်တစ်ခုခု install လုပ်ပီး မြန်မာစာရိုက်လို့ရပါပြီ။
တစ်ကယ်လို့ command တွေရိုက်ဖို့အခက်အခဲရှိသူတွေအတွက် အဆင်သင့်လုပ်ပြီးသား Project Folder ကို အောက်ပါ Link မှာ ရယူနိုင်ပါတယ်။
* ဖြစ်နိုင်ရင်တော့ အပေါ်က Command တွေကို တစ်ကြောင်းချင်း အတိအကျ ရိုက်ပြီး စမ်းကြည့်စေချင်ပါတယ်။ လေ့ကျင့်ထားရင် နောက်သင်ခန်းစာတွေအတွက် ပိုမိုလွယ်ကူစေမှာပါ။
==========================
http://download1980.mediafire.com/…/Font+Install+project.rar
==========================
အပေါ်က download ရလာတဲ့ ဇစ်ဖိုင်ကိုဖြည်ပြီး အထဲမှာပါတဲ့ install.bat ကို ကလစ် ၂ချက်ခေါက်ပေးလိုက်တာနဲ့ သူအလိုလို သွင်းပေးသွားပါလိမ့်မယ်။
Subscribe to:
Post Comments (Atom)
OMH Virus Remover V6 လက်တလောဖြစ်နေသော Virus ပြသနာကို ဖြေရှင်းပေးနိုင်တဲ့ Tool လေးပါခင်ဗျ Root ရှိဖို့ တော့လိုပါတယ် မသေတဲ့ ကောင်လေးတွေပိ...
-
သူငယ်ချင်းတစ်ယောက် ဒီလိုမျိုး erro ကြုံနေလိုတင်ပေးလိုက်တာပါ. ကျတော်တို့ MTK Device များမှာအများဆုံးဖြစ်တက်တဲ့ Emergency data er...
-
Samsung ဖုန်းများ Root ဖောက်ပြီး Touch Errorြ ဖစ်ခဲ့လျှင် ဒီနေ့ဆိုင်မှာ G920F Samsung S6 တလုံးရောက်လာတော့ မူလ Error က Kernel မှားပီး...
-
Huawei Y6 ကို Google Account Lock (Frp) ကော်ျနည်း Huawei Y6 တွေ Factory Reset ပြုလုပ်ပြီး Google Account Lock ကျနေပါက အောက်ပါအတိုင်းပြု...
No comments:
Post a Comment